ဘာသာစကား တစ်ခုကို ရွေးပါ။

အယူဝါဒခံယူချက်

အယူဝါဒခံယူချက်

GRN သည် ကမ္ဘာ့ဧ၀ံဂေလိမဟာမိတ်အဖွဲ့(World Evangelical Alliance)၏ ယုံကြည်ခြင်း ခံယူချက်ကို မွေးစားခံယူထားပါသည်။ ဤနည်းအားဖြင့် ကျွန်ုပ်တို့သည် မိမိကိုယ်ကို ကမ္ဘာတဝှမ်း ဧ၀ံဂေလိအသင်းတော် အသိုင်းအ၀ိုင်းတွင် လူများသိခြင်းနှင့် လေးစားခြင်းခံရသော အဖွဲ့အစည်းတစ်ခုအနေဖြင့် မိမိတို့ကို သတ်မှတ်နိုင်ပြီး နိုင်ငံတိုင်းနီးပါးမှ ဧ၀ံဂေလိအသင်းတော်အဖွဲ့အစည်းများကို ကိုယ်စားပြုပါသည်။ကျွန်ုပ်တို့သည် အံ့သြဖွယ်ဘုရားသခင့်ဘုန်းတန်ခိုးတော်၊ မမှားယွင်းနိုင်သော၊ လုံး၀ကိုးစားယုံကြည်ထိုက်တန်သော၊ ယုံကြည်ခြင်းနှင့် အမူအကျင့်ဆိုင်ရာအကြောင်းအရာကိစ္စရပ်များတွင် အမြင့်ဆုံးသော အခွင့်အာဏာရှိခြင်းတို့ကို ဘုရားသခင်အားဖြင့် ပေးထားသော နတ်ကပါတ်တော်သမ္မာကျမ်းစာကို ယုံကြည်ကြပါသည်။ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော် သုံးပါးတစ်ဆူ ထာ၀ရတည်ရှိသော ဘုရားသခင် ဖြစ်သည်။ကျွန်ုပ်တို့၏ သခင်ယေရှုခရစ်သည် ဇာတိပကတိ၌ဘုရားသခင်ထင်ရှားတော်မူသည် ဖြစ်၍ ခရစ်တော်သည် အပျိုကညာမှမွေးဖွားခြင်း၊ သူ၏ အပြစ်ကင်းစင်သော လူသားအသက်တာ၊ သူ၏ ဘုရားဖြစ်ခြင်း အံ့သြဖွယ်အမှုများ၊ သူသည် လူသားအပြစ်ကိုယ်စား အသေခံပေးခြင်း၊ သူ၏ ခနာကိုယ် ရှင်ပြန်ထမြောက်ခြင်း၊ ကောင်းကင်ဘုံသို့တက်ကြွတော်မခြင်း၊ သူ၏ စေ့စပ်ဖျန်ဖြေပေးသသော လုပ်ဆောင်မနှင့် ဘုန်းတန်ခိုးအာဏာနှင့် ဘုန်းအသရေတော်ဖြင့် ဒုတိယအကြိမ် ပြန်လာခြင်း စသည်တို့ ဖြစ်သည်။ အပြစ်ရှိသော လူသား၏ ကယ်တင်ခြင်းသည် သခင်ယေရှုခရစ်တော်၏ သွန်းတော်မူသောအသွေးတော်အားဖြင့်၎င်း၊ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် အသစ်မွေးဖွားခြင်းနှင့် အကျင့်နှင့်ကင်းသော ယုံကြည်ခြင်းအားဖြင့်သာ ကယ်တင်ခြင်းကို ရရှိပါသည်။သန့်ရှင်းသောဝိညာဉ်တော်သည် ယုံကြည်သူ၏ အထဲ၌ ကိန်း၀ပ်တော်မူခြင်းအားဖြင့် သန့်ရှင်းသော အသက်တာဖြင့် အသက်ရှင်ခြင်း၊ သခင်ယေရှုခရစ်တော်အတွက် သက်သေခံခြင်းနှင့် အလုပ်လုပ်ခြင်းအားဖြင့် တည်ရှိပါသည်။ စစ်မှန်သော ယုံကြည်သူများအားလုံး၏ ဝိညာဉ်တော်သည် တစ်လုံးတစ်၀တည်းၡိခြင်းသည် အသင်းတော်၊ ခရစ်တော်၏ခန္ဓာကိုယ် စသည်တို့ ဖြစ်သည်။ကယ်တင်ခြင်းသို့ ရောက်သောသူများနှင့် ကယ်တင်ခြင်းဆုံးရှုံးသူများ၏ ရှင်ပြန်ထမြောက်ခြင်း နှစ်ခုလုံးသည် အသက်ရှင်ခြင်းကို ရှင်ပြန်ထမြောက်သောသူများသည် ကယ်တင်ခြင်းခံရသောသူများဖြစ်ကြပြီး၊ အပြစ်စီရင်ခြင်းခံရရန် ရှင်ပြန်ထမြောက်သောသူများသည် ကယ်တင်ခြင်း ဆုံးရှုံးသောသူများ ဖြစ်ကြသည်။

ဆက်စပ်သတင်းအချက်အလက်များ

သာသနာလုပ်ငန်းမဟာဗျူဟာ - GRN သည် ကမ္ဘာတစ်လွှားရှိ နိုင်ငံများသို့ သာသနာပြုအသံသွင်းယူမှုပြုသူများ (recordists) ကို လေ့ကျင့်သင်ကြားပေးသည်။ မည်သည့်ဘာသာစကားမျှ မထင်မရှားဖြစ်လွန်းသည်ဟူ၍ မရှိသကဲ့သို့ ဝေးလံခေါင်သီလွန်းလှသည့် ကျေးရွာဟူ၍လည်း မရှိပါ။

GRN နှင့်ပတ်သက်သည့်အကြောင်းအရာ - GRN သည် ကမ္ဘာပေါ်ရှိ လက်လှမ်းမှီမှုအနည်းဆုံးသော ဘာသာစကားအုပ်စုများအတွက် သမ္မာကျမ်းစာသွန်သင်မှုနှင့်ပတ်သက်၍ အော်ဒီယိုအသံသွင်းယူမှုများကို 6603 ဘာသာစကားများဖြင့် ထုတ်ဝေသည်

ရူပါရုံနှင့် သာသနာတော် - ကမ္ဘာလုံးဆိုင်ရာအသံသွင်းကွန်ယက်၏ ရည်မှန်းချက်သည် လူမျိုးစုများ၊ ဘာသာစကားများနှင့် နိုင်ငံတိုင်းကို ဧ၀ံဂေလိတရားဟောပြောရန် ဖြစ်သည်။

Policies and Guidelines - The guiding principles, doctrines and policies under which GRN functions.

ဝေငှသည်။ ပြောပြသည်။ အသိပေးသည်။

Logo Baidu Teiba Logo Blogger Logo Bluesky Logo Facebook Logo Line Logo LinkedIn Logo OK Logo Pinterest Logo Qzone Logo Reddit Logo Telegram Logo Threads Logo Tumblr Logo Viber Logo VK Logo Weibo Logo WhatsApp Logo X e-mail အီးမေးလ်၊ အီးမေးလ်ပို့သည်။

လင့်ကို မျှဝေပါ